ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေးစက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Ms. Yoo Myung-hee သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားသမ္မတ Pan Sorasak နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အတွက်တရားဝင်ညှိနှိုင်းမှု စတင်ကြောင်း ကြေငြာခဲ့ပါသည်။
ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee က အာဆီယံ၏ ကုန်ထုတ်လုပ်မှု နှင့် ကုန်သွယ်မှုအချက်အချာဖြစ်သောဖွံ့ဖြိုးမှုအတွက်ကြီးမားသော အလားအလာရှိသော တိုင်းပြည်နှင့် စီးပွားရေးဆက်ဆံမှုကိုခိုင်မာစေရန်နှင့်ကမ္ဘောဒီးယားဈေးကွက်ရှိ ကိုရီးယားကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ကမ္ဘောဒီးယား နှင့် တရားဝင်ဆွေးနွေးမှုစတင်ခြင်း ကိုကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News
(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)